FAQs

QR code များကို Scan ဖတ်မရလျှင် ကိုယ်တိုင်​လုပ်ဆောင်မည်ကို နှိပ်ပြီး ကုန်သည်နံပါတ်ကို ရိုက်ထည့်၍ ပေးနိုင်သည်။

ပရိုဖိုင်းအသေးစိတ်ထဲကိုဝင်၍ အကောင့်အချက်အလက်များ သို့သွားပါ။ ဖုန်းနံပါတ်အသစ်ကို ရိုက်ထည့်၍ verify လုပ်ပါ။

ခရက်ဒစ်ကန့်သတ်ချက်သည် လစဉ်ပေးနိုင်စွမ်းငွေပမာဏ ကို ၆ နှင့်မြှောက်ခြင်းဖြစ်သည်။
(ဥပမာ။ ။ လစဉ်ပေးနိုင်စွမ်းပမာဏသည် ၁၀၀,၀၀၀ ကျပ်ဖြစ်လျှင် ခရက်ဒစ်ကန့်သတ်ချက်သည် ၁၀၀,၀၀၀ x ၆ = ၆၀၀,၀၀၀ ကျပ်ဖြစ်မည်။

ခရက်ဒစ်ကန့်သတ်ချက်ပမာဏ အများဆုံး ၁,၀၀၀,၀၀၀ ကျပ်အထိ ရရှိနိုင်မည်။

ချေးငွေကာလကို ၁ လ မှ ၆ လအထိရွေးချယ်နိုင်သည်။ ချေးငွေကာလ အများဆုံး ၆ လအထိရရှိနိုင်သည်။

ခရက်ဒစ်ကန့်သတ်ချက် ( လစဉ်ပေးနိုင်စွမ်းငွေပမာဏ ကို ၆ နှင့်မြှောက်ထားသည့်ပမာဏ) ကျန်ရှိနေသ၍ ချေးငွေနောက်တစ်ခုလျှောက်ယူနိုင်ပါသည်။

ချေးငွေပေးဆပ်မှုဇယားသည် လစဉ်အချိုးကျတွက်ချက်မှုအမျိုးအစားဖြစ်ပါသည်။ ချေးငွေပမာဏကို ချေးငွေကာလအတွင်း လစဉ်ပြန်လည်ပေးဆပ်ရမည်။

စောလျင်ပေးဆပ်မှုဝန်ဆောင်ခအနေဖြင့် ကျန်ရှိသောချေးငွေပမာဏပေါ်ရှိ ၂ ရာခိုင်နှုန်းအား ပေးဆောင်ရမည်။

၁။ ချေးငွေစာမျက်နှာတွင် “ ချေးငွေပြန်လည်ပေးဆပ်မှု” ကိုရှာပါ
၂။ ငွေပြန်လည်ဆပ်မည့်နည်းလမ်းကိုရွေးချယ်ပါ
၃။ ပေးထားသောအချက်များအတိုင်းချေးငွေဆပ်ခြင်းကိုလုပ်ဆောင်ပါ

အကောင့်အချက်အလက်များ သို့ဝင်၍ အကောင့်ဖျက်သိမ်းမည် ကိုနှိပ်ပါ။
မှတ်ချက်။ ။ အကောင့်ဖျက်သိမ်းပြီးပါက ဒေတာ အချက်အလက်များအားလုံးပျောက်ကွယ်မည်။
အကောင့်တွင်ကျန်ရှိသော ချေးငွေများပြန်လည်ပေးဆပ်ပြီးမှသာလျှင် အကောင့်အားဖျက်သိမ်းနိုင်မည်။

၁။ ချေးငွေစာမျက်နှာတွင် “ ချေးငွေပြန်လည်ပေးဆပ်မှု” ကိုရှာပါ
၂။ ချေးငွေပြန်လည်ဆပ်ရမည့်အချိန်ဇယားကိုသိနိုင်ရန် ငွေပေးချေခဲ့သည့်မှတ်တမ်းများကိုတစ်ခုချင်းစီနှိပ်ကြည့်ပါ
၃။ ငွေပြန်လည်ဆပ်ရန် “ ယခုပေးမည်” ကိုရွေးချယ်ပါ